ပစ္စည်းကိရိယာ

အိမ်တစ်အိမ်အတွင်းသို့ ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်ရှာဖွေရာ အရက်ချက်သော ပစ္စည်းကိရိယာများကို တွေ့သွားသည်။
ရဲ။ ။ကိုင်း.ခင်ဗျားကို အရက်ခိုးချက်မှုနဲ့ အရေးယူရပါလိမ့်မယ်။
အိမ်ရှင်။ ။ကျွန်တော် အရက်မချက်ပါဘူး။
ရဲ။ ။ပစ္စည်းကိရိယာတွေကို တွေ့နေရပြီလေ၊ ဘာငြင်းဦးမလို့လဲ။
အိမ်ရှင်။ ။ဒီလိုဆို ရဲမှူးကြီးကိုလည်း မုဒိန်းမှုနဲ့ ပြန်ပြီး အမှုဖွင့်ရပါလိမ့်မယ်။
ရဲ။ ။ကျုပ်ကို ဘာဆိုင်လို့ မုဒိန်းမှုနဲ့ အမှုဖွင့်ရမှာလဲ။
အိမ်ရှင်။ ။ပစ္စည်းကိရိယာရှိနေတယ်လေ၊ ငြင်းချင်သေးလို့လား။

သူ့အဖြေ

ရဲဘော်တို့ တပ်မတော်ဟာ ရဲဘော်တို့ရဲ့ မိခင်ဖြစ်တယ်
´´ရဲဘော်မောင်မြ တပ်မတော်ဟာ သင့်ရဲ့ ဘာလဲ?”
“မိခင်ပါ ဗိုလ်ကြီး´´
´´ကဲ ရဲဘော် မောင်လှ တပ်မတော်ဟာ ဘာလဲ´´
´´မောင်မြရဲ့ မိခင်ပါ ဗိုလ်ကြီး´´
´´မဟုတ်ဘူး ရဲဘော်မောင်လှရဲ့ တပ်မတော်ဟာ မောင်မြရဲ့ မိခင်ဖြစ်သလို သင့်ရဲ့ မိခင်လည်း ဖြစ်တယ်´´
´´ကဲ ပြန်ပြောစမ်း ရဲဘော် မောင်လှ တပ်မတော်နဲ့ မင်းနဲ့ ဘာတော်လဲ´´
´´ကျွန်တော်က မောင်မြရဲ့ ညီတော်ပါတယ် ဗိုလ်ကြီး´´

တော်လိုက်တဲ့မှောင်ခို

တခါက နယ်စပ်တစ်ခုမှာ လူတစ်ယောက်က စက်ဘီးပေါ်ကို အထုတ်တစ်ထုတ်တင်ပြီး တစ်ဘက်နိုင်ငံကို သွားသတဲ့ နယ်စပ်လုံခြုံရေးက ဟိတ်လူ ခင်ဗျာ ဒီအထုတ်ထဲကဟာတွေက ဘာတွေလဲလို့ မေးသတဲ့
အဲဒီအခါ ထိုလူက သဲတွေပါခင်ဗျာလို့ ကြောက်ကြောက်နဲ့ ပြန်ပြောသတဲ့ အဲဒီအခါ လုံခြုံရေးက မယုံတာနဲ့ သူ့ရဲ့ စက်ဘီးနောက်မှာ တင်လာတဲ့ အထုတ်ကို ဖြည်ကြည့်တဲ့အခါ တကယ်ပဲ သဲတွေဖြစ်နေတာကိုတွေ့ရတော့ ခင်ဗျာသွားလို့ရပြီဆိုပြီး လွှတ်လိုက်သတဲ့ အဲဒီလူလည်း တစ်ဘက်နိုင်ငံကို ကူးသွားတာပေါ့ နောက်နေ့တွေမှာလည်း အဲဒီလူဟာ အရင်နေ့တွေကလို သဲအိပ်တစ်အိပ်ကို စက်ဘီးမှာ တင်ပြီး လာပြန်သတဲ့ လုံခြုံရေးလည်း စစ်တာပေါ့ ဒီလူတော့ မရိုးတော့ဘူးပေါ့ ဘယ်လိုပဲ စစ်စစ် သဲတွေပဲ ဖြစ်နေတော့ လုံခြုံရေးလည်း လက်မှိုင်ချနေရတော့တာပေါ့ နောက်တစ်နေ့တော့ လုံခြုံရေးလည်း မနေနိုင်တော့တာနဲ့ ဟိတ်လူ ခင်ဗျား တစ်ခုခုကို မှောင်ခိုကူးနေတာ ကျုပ်သိတယ် ဒါပေမယ့် ဘာရယ်လို့ လက်ဆုတ်လက်ကိုင် မပြနိုင်ဘူးဖြစ်နေတယ် ခင်ဗျားအမှန်အတိုင်း ပြောဗျာ ကျုပ်မဖမ်းပါဘူးလို့ ပြောသတဲ့ အဲဒီလူလည်း အာစရိတကယ်ပြောတာနော် မဖမ်းဘူးဆိုတာ၊ အေးပါကွ ပြောမှာပြောစမ်းပါလို့ လုံခြုံရေးလည်းပြောသတဲ့ အဲဒီလူ ပြောလိုက်တာက
´´ကျုပ် စက်ဘီးတွေကို တစ်ဘက်နိုင်ငံ ပို့နေတာဗျ´´ဟူသတည်း။

သတင်းခေါင်းစဉ်

(၁) ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင်း ယမန်နေ့ညနေက
ပေါက်ကွဲအားအသင့်အတင့်ရှိသော ချိန်ကိုက်ဗုန်းပေါက်ကွဲခဲ့ရာ
အနီးတ၀ှိုက်တွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့ပေ။
(စက်ကွင်းမလွတ်သူ အားလုံး တစစီလွင့်စင်ကာ
ပွဲချင်းပြီးသေဆုံးသွားခြင်းကြောင့်ဖြစ်၏)အနီးတ၀ိုက်တွင် သွေးသံရဲရဲဖြင့်
ပေါင်တစ်ဖက်ပြတ်နေသည်ဟုယူဆပြီး ထောက်လှမ်းရေးမှ
အပူတပြင်းစစ်ဆေးလေ့လာကြည့်ရာ တိုကျိုဖရိုင်းချစ်ကန်း မှ အချဉ်တို့ထားသော
ကြက်ပေါင်တစ်ချောင်းဖြစ်ကြောင်း သိရှိရသည်။ထိုကြက်ပေါင်အား
အတင်းရေးမှူးတစ်မှ မိန်းမစားရန်အလို့ငှာ အိမ်သူပိုင်
သိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။

(၂) သဘာငတိနှင့် အဖွဲ့သည် မနေ့ည၁၀ နာရီခန့်က ပိုင်အိုးနီးယားကလပ်အတွင်း
မော်ဒန်မလေးများ လှုပ်ရှား ကခုန်နေမှူအခြေအနေများကို အငမ်းမရ
သွားရောက်ကြည့်ရှူကာ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို
မှာစားခဲ့သည်။

(၃) လွန်ခဲ့သော သောကြာနေ့က မိုးအပြင်းအထန်ရွာသွန်း၍ ရန်ကုန်မြို့
ပန်းဆိုးတန်းလမ်း ပလက်ဖောင်းနံဘေးတွင် ခြေသလုံးခန့်ထိ
ရေများလျှံတက်လျှက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မီးပွိုင့်ထောင့်တွင်
ပလက်ဖောင်း ဟိုဘက်ဒီဘက်ကိုဆက်သွယ်သော နှစ်ပေခန့်မြင့်သည့်
မြောင်းကူးတံတား ဖောက်လုပ်သွားမည်ဟု သိရှိရသည်။ ခန့်မှန့်ကုန်ကျငွေမှာ
အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်ဖြစ်ပြီး ရူးပေါဂိုဏ်းရန်ပုံငွေမှ
အသုံးပြုကျခံသွားမည်ဖြစ်သည်။

(၄) အတင်းရေမှူး ၁ ဗိုလ်ချုပ်ဗီလိန်သည် အစိုးရယဉ်မသုံးရနေ့ ဖြစ်သော
လွန်ခဲ့သောသောကြာနေ့က ယဉ်များကိုစစ်ဆေးရန် ရန်ကုန်မြို့တွင်း
ရဟတ်ယဉ်ဖြင့် လှည့်လည်ကြည့်ရှူခဲ့သည်။

(၅) အမေရိကန်နိုင်ငံ လေ့လာတွေ့ရှိချက်စစ်တမ်းများအရ မြန်မာနိုင်ငံရှိ
စီအန်ဂျီကားများသည် လောင်စာဆီ စားရိတ်သက်သာသော်လည်း
အသုဘစားရိတ်ပိုမိုများပြားနိုင်သည်ဟု သိရှိရသည်။

(၆) လွန်ခဲ့သောလ က မြန်မာနိုင်ငံမှ ရှေးဟောင်းသုတေသနအဖွဲ့များ
ရှာဖွေတွေ့ရှိခဲ့သည့် ပုဂံခေတ်ကအ၀တ်အထည်ဟုယူဆရသော အ၀တ်ထည်ကို
ေ၇ှးဟောင်းပြတိုက်တွင် ထည့်သွင်းပြသထားခဲ့သည်။ယမန်နေ့က သဘာပတိသည် သူ၏
ဇနီးသည်ပျောက်သွားသော အတွင်းခံဖြစ်သည်ဟု ဆိုကာ၎င်းအ၀တ်ထည်ကို ပြတိုက်မှ
ပြန်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါသည်။

(၇) ရူးပေါဂိုဏ်းမှ ငှက်ကထကြီးသည် အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့အတွက်
ဝမ်းမြောက်ကြောင်းသ၀န်လွှာကို တရုတ်ပြည်ရှိ ငလျင်ဒဏ်ခံရသူပြည်သူများအတွက်
ဝမ်းနည်းကြောင်းသ၀န်လွှာနှင့် မှားယွင့်ပေါ့ဆောင်မိသဖြင့်
နှစ်နိုင်ငံအကြား အချေအတင် အငြင်းပွားလျှက်ရှိ၏။

(၈) ရူးပေါဂိုဏ်း ပညာရေးဝန်ကြီးမ ဇင်ဇင်သည်
မူလတန်းသင်ရိုးညွှန်းတမ်းများတွင် ကျောင်းသူကျောင်းသားများ ပေါချာရေးအတွက်
အပေါတကာ့အပေါဆုံး သင်ခန်းစာများ ထည့်သွင်းသွားမည်ဟုသိရသည်။ အဂ်လိမ်စာ
ပိုမိုတတ်မြောက်စေရေးအတွက်လည်း အဂ်လိပ်စာများကို မြန်မာစာများဖြင့်ညပ်၍
သင်ကြားသွားမည်ဟုသိရသည် ။ဥပမာအားဖြင့် မမ Fat Fat ထထ Dance ၊ အကမှာ First
၊ Dance ပါ Dance ပါ မမရာ ၊ ညည Moon သာသာ၊ Night အခါ ငါစာရ၊ မမ Fat Fat
ထထ Dance…. အစရှိသောကဗျာများကိုလည်း ထည့်သွင်းသွားမည်ဟုသိရှိရသည်။
တစ်ပါတ်အတွင်းသတင်းအစီအစဉ် ဒီတင်ပြီးဆုံးပါပြီ ။

ပုံ/
ပျံကျားရေးဝံကြီး မေးထဲက ကြိုက်လို့ ပြန်တင်ပေးတာပါခင်ဗျာ

ဟာသအဆက်

လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို “အသုံးမကျတဲ့လူ” လို့ ပြောလို့
အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ်
၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့
အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက ” ပြစ်ဒဏ် ၆ရက်က
နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က
နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကိုဖော်ကောင်လုပ်တဲ့အတွက်” လို့
ပြောလိုက်သတဲ့။
**********************************************
တခါက အမေရိကန်သမ္မတရယ် ၊ တရုတ်သမ္မတရယ် ၊ ကျွန်တော်တို့ရဲ့ ဘဘကြီးရယ်
ထာဝရဘုရား သခင်ကို သွားတွေ့ကြသတဲ့။
ထာဝရဘုရားသခင်က သင်တို့သိလိုရာကို မေးကြပါဆိုတော့ တယောက်ပြီးတယောက်
မေးကြတော့တာပေါ့။

ပထမဆုံး အမေရိကန်သမ္မတက မေးတယ်။

`ဘယ်တော့များမှ အမေရိကန်နိုင်ငံဟာ ကမ္ဘာကြီးတစ်ခုလုံးကို နိုင်ငံရေး ၊
စစ်ရေးအရ ပြိုင်ဘက်မရှိ လွှမ်းမိုး နိုင်မှာလဲ´တဲ့။ ထာဝရဘုရားသခင်က
ခေတ္တခန့်စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။

`ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီတော့ဘူး´တဲ့ ။ အမေရိကန်သမ္မတလည်း
ထာဝရဘုရားသခင် အဖြေ ကိုကြားပြီးနောက် ငိုပါလေရော။
တရုပ်သမ္မတကလဲ ထာဝရဘုရားသခင်ကို `ဘယ်တော့များမှ တရုပ်ပြည်ဟာ
ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာလဲ´တဲ့။

ထာဝရဘုရားသခင်က ခုနလိုပဲ ခနစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
`ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီ တော့ဘူး´တဲ့ ။ တရုပ်သမ္မတလဲ
ငိုပြန်ပါလေရော။

နောက်ဆုံး ကျူပ်တို့ရဲ့ ဘဘကြီးက အားကျမခံ ထာဝရဘုရားသခင်ကို မေးလိုက်တယ်။
သူ့မေးခွန်း လဲကြားပြီးရော ထာဝရဘုရားသခင်က ငိုပါလေရော။ သူမေးတာက
`ဘယ်တော့များမှ ကျွန်တော်တို့နိုင်ငံမှာ မီးတွေ ရေတွေ မှန်မှာလဲ´တဲ့။

မျက်ရည်လည်ရွှဲကြားက ထာဝရဘုရားသခင်က ပြန်ဖြေလိုက်တယ်။

`ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူးတဲ့´ …. ။

*************************************************************
တမလွန်ဘ၀မှာ ဂျော့ဘုခ်ျရယ် ၊ ကျွန်တော်တို့ဘဘကြီးရယ် ၊ ဗလာဒီမင်ပူတင်ရယ်
အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့တစ်နေရာ အရောက်
လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့ တွေ့ပါလေရော။
အဲဒီမှာတော့ ဂျော့ဘုခ်ျက ယေရှုနားကို တိုးသွားပြီးတော့

`အရှင် ၊ သားတော်အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော်က ကံကောင်းခဲ့ပါသလား´
လို့မေးလိုက်တယ်။
ယေရှုက `အေး သားတော်ကံကောင်းပါတယ်။ မင်းက အကြမ်းဖက်သမားတွေကို
နှိမ်နင်းနိုင်ခဲ့လို့ပဲ´ဆိုပြီ
ပြန်ဖြေလိုက်တယ်။

ပူတင်လဲ ယေရှုနားတိုးကပ်သွားပြီး `ကျွန်တော်မျိုးကော အသက်ရှင်စဉ်က
ဘယ်လိုကံကောင်းခဲ့ပါသလဲ´လို့ မေးလိုက်ပြန်တယ်။ ယေရှုက `မင်းလဲ
ကံကောင်းခဲ့တာပဲ ။ ဘာလို့လဲဆိုတော့ မင်းက တိုင်းပြည်ကို စိတ်တိုင်းကျ
ပုံဖော်နိုင်ခဲ့လို့ပဲ´ဆိုပြီး ဖြေလိုက်ပါတယ်။

နောက်ဆုံး ဘဘကြီးကလဲ အားကျမခံဘဲ ယေရှုနားသွားပြီး `ကျွန်တော်ရော ဘယ်လို
ကံကောင်း ခဲ့ပါလဲ´လို့မေးလိုက်တယ်။ အဲဒီလို မေးလိုက်တဲ့ခဏမှာ
ယေရှုရဲ့လက်နှစ်ဖက်လုံး လှုပ်သွားတယ်။ ဒါပေမယ့် ကားစင်တင်ခံထားရတာဆိုတော့
ယေရှုက လှုပ်လို့မရဖြစ်နေတယ်။ ပြီးတော့ ဘဘကြီးကို အံကျိတ်ပြီးပြောလိုက်တယ်။

`အေး .. ငါ့လက်နှစ်ဖက်လုံး လှုပ်မရတာ မင်းကံကောင်းတယ်မှတ်´ တဲ့။

ဝိပါက်ဟူသည်

ဝိဘတ်ဟူသည် ကြာမရှည်ခင်
ပြန်လည်တစ်မျိုး မကောင်းကျိုးဖြင့်
နောက်ပိုးလိုက်တက် သူ့ကိုဖျတ်ကာ
ကိုယ်ပျတ်တက်စွာ ဤလူ့ရွာဝယ်
ဓမ္မတာမျိုး ပမာနိုးမူ
ခါးမျိုးချိုမျိုး စေ့စိုက်ပျိုးက
ထိုမျိုးအလား မခြားတူပြီ
ခါးချိုသီးသို့ သားကြီးမင်းပျိုမှတ်ပိုက်သိုလော့
သူ့ကိုသရမ်း မကျော့ကြမ်းနဲ့
လူနှမ်းကိစ္စကျိုးမလှဘူး
နိယာမမျိုး ကောင်းအဆိုးတည်
ပြစ်ကျိုးနှစ်ပါး ဖြစ်ထိုက်ငြားက
ဘုရားသော်မှ မလွတ်ရဘူး
(မာဃဒေ၀)